Dances with wolves (ဝံပုလွေ များနှင့် ကခုန်သူ)

Author: Michael Blake
Translator: မောင်ထွန်းသူ

Publication
Second Edition: ၂၀၁၃၊ စိတ်ကူး ချိုချို။

အမေရိကန် အကြောင်း ပြောရမယ်ဆို ရင် နဂို အမေရိကန်နေထိုင် တဲ့ တိုင်းရင်းသား ရက် အင်ဒီးယန်းများ အကြောင်း မပြောမဖြစ် ပြောရပါမယ်။ စာရေးသူ ကိုယ်တိုင် က ပထမဆုံး ရေးခဲ့တဲ့ ဒီ ဝတ္ထု ဇာတ်ညွန်း ကြောင့် ၁၉၉၁ ခုနှစ် မှာ အော်စကာ ဆု ဆွတ်ခူးခဲ့ဖူးပါတယ်။ နာမည် ကြီး ရုပ်ရှင် မင်းသား ကီဗင်ကော့စနာ ကိုယ်တိုင် ဇာတ်ဆောင် အဖြစ် ရိုက်ကူးထားတဲ့ ဝံပုလွေ များနှင့် ကခုန် သူ ဇာတ်ကားက စုစုပေါင်း အော်စကာဆု ခုနှစ်ဆုကို ဆွတ်ခူးခဲ့ရခြင်း ဖြစ်ပါတယ်။ ၁၉၉၀ ဆယ်စုနှစ် အတွက် လည်း တတိယ အကားဆုံး ဇာတ်ကား လို့ နာမည် တွင်ဖူးပါတယ်။



ဒီ ဇာတ်ကားက ဘာသာပြန် စာပေးဆရာ မောင်ထွန်းသူ အတွက် လည်း အလွန် အရေးပါတဲ့ ဇာတ်ကား ဖြစ်နေပြန်ပါတယ်။ မောင်ထွန်းသူ ၏ ဒုတိယ သား၊ ကိုကိုနိုင် နှင့် အဖေဖြစ် သူ စာရေးဆရာ ကိုယ်တိုင်က အလွန် သဘောကျတဲ့ ဇာတ်ကားကောင်းပါ။ သင်္ဘော တတိယ အရာရှိအနေနဲ့ ခန့် အပ်ခြင်း ခံရပြီး နောက် စင်ကာပူ ကို ရက် တစ်ရက်လည်ခွင့် ရရင်းက Dances with wolves ဝတ္ထုကို ဝယ်လာခဲ့ပါတယ်။ သားကိုယ်တိုင်က အဖေ ဘာသာ ပြန်ထားတဲ့ စာမူကြမ်းကို ထုတ်ဖို့ အစီအစဥ် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀ရက်နေ့ ဒီဇင်လာ ၁၉၉၃ ရှင်ကူယူရှီမာ သင်္ဘောကျင်း မှာ အလုပ်လုပ်ရင်း မတော်တဆ ထိခိုက် ဒဏ်ရာ နှင့် ကွယ်လွန် သွားရှာပါတယ်။ ဝမ်းနည်း စိတ်ကြောင့် ၂နှစ်လောက် ဘာသာ ပြန် ခဲ့ရာမှ ဖခင် အနေနဲ့ သား ဆန္ဒကို ဖြည့်ဆည်းချင်လို့ ၁၉၉၅ မှာ တစ်ခါ အသစ် ပြန် ဘာသာပြန်ဖြစ်သွားတာပါ။

ဇာတ်လမ်း အကြောင်းအရာ က ဆိုလျှင် အမေရိကန် စတင် ဝင်ရောက် နယ်ချဲ့ လာ ခေတ်ကာလ မှာ ဗိုလ် ဒမ်ဘာ တစ်ယောက် ခံတပ် ပယ်ထုတ် ခံရကြောင်း ကံဆိုးစွာ သတင်း မရဘဲ ရိက္ခာပေးခဲ့ရတဲ့ ဆက်ဂျ်ဝစ် ခံတပ် တစ်ယောက်တည်း စခန်းချရင်း တပ်သား ပြန်အလာကို စောင့်ခဲ့ပါတယ်။ အဲ့ အချိန် ကိုမင်ချီ လူမျိုးစု တွေ့ တဲ့ အခါ ကံ အားလျော်စွာ ခင်မင် သွားခဲ့ ကြပါတယ်။ ကိုမင်ချီ ရက် အင်ဒီးယန်း များရဲ့ ဓလေ့၊ အနေအထိုင်နှင့် နယ်ချဲ့ တို့ရဲ့အနိုင်ကျင့် သဘော သဘာဝ၊ တိုင်းရင်းသား အင်ဒီးယန်း လူမျိုး များရဲ့ ဘိုးဘွားပိုင် နယ်မြေများကို ခက်ခက်ခဲခဲထိန်းသိမ်းခဲ့ပုံကိုလည်း ရေးသားထားပါ ခြင်း ဖြစ်ပါတယ်။

References

Biography. 2021. 23 Facts About ‘Dances with Wolves’. [online] Available at: <https://www.biography.com/news/dances-with-wolves-facts&gt; [Accessed 24 July 2021].

Dare to be free (မဆုတ်မတွန့် မရွံ့စတမ်း)

author: W.B Thomas
Translator: ဝင့်ပြုံးမြင့်

Publication
First Edition : ပုဂံ စာအုပ်တိုက်
Second Edition: ၂၀၁၆၊ ဖေဖော်ဝါရီ လ၊ စိတ်ကူးချိုချို။

ဒုတိယ ကမ္ဘာ စစ်ထဲမှာ ပေါက် ထွက် လာတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း တွေ ပြောရမယ် ဆိုရင် ဒီ ဝတ္ထု ကို လည်း မပြောမဖြစ် ပြောရပါမယ်။ ဂျာမန် တွေ အင်အားကြီးလာ ချိန် ကာလ (၁၉၄၁ ခုနှစ်)၊ ဂရိနိုင်ငံ၊ ကရီတဲ ကျွန်းမှာ ဗြိတိသျှ တွေနဲ့ ဂျာမန် တွေ စစ်တိုက်ကြတုန်း ဗြိတိသျှ တွေ စစ်ရှုံးတဲ့ အခါ အသက်ရှင် ကျန်ရစ်တဲ့ သူတွေဟာ စစ်ပွဲ သဘောတရား အရ သုံပန်း ဌာနကို ပို့ဆောင် ခံ ခဲ့ ရပါတယ်။ အဲ့ထဲမှာ အသက်ရှင်လျှက် အဖမ်းခံ ရတဲ့ အထဲ စာရေးသူ သောမတ်စ် ကိုယ်တိုင် ပါဝင် အဖမ်း ခံ ခဲ့ရပါတယ်။ စာရေးသူ ကိုယ်တိုင်က ရန်သူ ဂျာမန် တွေ အုပ်ချုပ်တဲ့ သုံပန်း ဌာန စခန်းတွေကနေ လွတ်မြောက်ဖို့ရာ အကြိမ်ကြိမ် ကြိုးစား ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ်ပါ။ ကိုယ်တိုင်ရေး ဝတ္ထု အနေနဲ့ မယုံနိုင်စရာ ကောင်းလောက်​အောင် အကြိမ်ကြိမ်အခါခါ စွန့်စား ရလွန်းတယ်။ ရိုးရိုး စင်းစင်း နဲ့ အရေးအသား မှာ ဟာသ နှောပြီး ပါလာတယ်။ တော်တော်လေး ကို ခက်ခက်ခဲခဲ ကြိုးကြိုးစားစား နဲ့ ထွက် ပြေး လွတ်မြောက်ဖို့ ဘယ်လို များ ရုန်းကန် ခဲ့သလဲ ဆိုတာကို ရင် တမမနဲ့ ဖတ်ရတဲ့ ဇာတ်လမ်း ကောင်း တစ်ပုဒ် မို့ ရှာဖွေ ဖတ်ရှု ခံစားနိုင်ပါတယ်။

Dare to be Free - One of the Greatest True Stories of World War II
Book Cover
Dare to be Free - One of the Greatest True Stories of World War II ...
Book Cover

နောက် စာရေး သူကိုယ်တိုင် ပြောထား တဲ့ ဗီဒီယို တစ်ခု ရိုက်ကူး ထား ဖူးတာမို့ တင် ပေးလိုက်ပါတယ်။













References

Nzonscreen.com. 2021. Dare to Be Free | Television | NZ On Screen. [online] Available at: <https://www.nzonscreen.com/title/dare-to-be-free-2004&gt; [Accessed 24 July 2021].

ပင်လယ်ပျော် သီသီ

စစ်ကိုင်း ဦးဘိုးသင်း
Book Cover

ပင်လယ်ပျော်သီသီ
Author: စစ်ကိုင်း ဦးဘိုးသင်း
Publication
Second Edition: ၁၉၆၇ ခုနှစ်၊ စန္ဒာဝင်းစာအုပ်တိုက်
Republication: အောက်တိုဘာ ၂၀၁၈ ခုနှစ်၊ စိတ်ကူးချိုချို စာပေ။

ပင်လယ် ပျော်သီသီ သည် ၁၉၄၀ပြည့် နှစ် က ကျောင်းသုံး စာအုပ် ပြဠာန်း ရေး ကော်မတီက ကျောင်းများ၊ စာကြည့်တိုက်များ အတွက် ပြဋ္ဌာန်းသော စာအုပ်ဖြစ်သည်။ ယခု ဤ ရှားပါးစာအုပ် နှင့် ‘ခေတ်သစ်မောင်’ စာအုပ် ကို မရမကစုံးစမ်း၍ ပြန်လည် ထုတ်ဝေနိုင် ခြင်း အတွက် ဦးဘိုးကြွယ်( ကျောင်းဆရာ ကြီးဟောင်း) ကို အထူးတလည် ကျေးဇူး တင်မိပါသည်။

ဤစာအုပ် အရေးအသား မှာ ခေတ်သစ် စာပေ များနှင့် ယှဥ် လျှင် လေးသည် ပြောရမည်။ သို့သော် စာဖတ်သူ အနေနှင့် လက်ရှိ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသော ကိစ္စ အထွေအထွေ တို့ ၏ အဖြေပင် ဖြစ်မည်ဟု စာညွန်းသူကမူ ယုံကြည်ပါသည်။ ဝတ္ထု အကြောင်းကို ဆိုရသော် ဗြိတိသျှ မြန်မာ နိုင်ငံကို အုပ်ချုပ်စဥ် ခေတ်က သူဠေး ဦးနံပိန် ၏ သမီး သီသီ သည် သီဟိုဠ် ကျွန်း တက္ကသိုလ်၌ ပညာများကို သင်ကြားခဲ့ သူ ခေတ်မီသူ ပညာတတ် အမျိုးသမီး တစ်ဦးဖြစ်သည်။
ပင်လယ် ပျော် သီသီ လို့ ဘာ ကြောင့် အမည် တွင် သလဲ မပြောပြခင် မြန်မာ စာပေမှာ အမျိုးသမီးတွေကို စည်းနှင့် ဘောင် နှင့် ဗိုင်းကောက်ကျောက်ဖိ နေရန် အမြဲ တမ်း မလိုအပ်ကြောင်း ဤ စာအုပ် ဝတ္ထု က ကောင်းကောင်းကြီး ရှင်းပြပါသည်။ ဦး နံပိန် ဆိုသူ သူဋ္ဌေးကြီးမှာ အကြောင်း အမျိုးမျိုးကြောင့် အကြွေး ပတ်လည် ဝိုင်းရာ သမီး ဖြစ်သူ သီသီ သည် ကျောင်း မှ ထွက် ၍ အလုပ်လုပ်ရန် အကြောင်း ဖန်လာသည်။ သီသီသည် မိဘ အပေါ် သိတတ်သော သားသမီး ဖြစ်လို၍ အမျိုးသမီးတန်မဲ့ အရဲ စွန့်ကာ ပင်လယ်ကူးသင်္ဘော နှင့် လုပ်ငန်း လုပ်ရန် လိုက် သွားခဲ့ပါသည်။
ဤခေတ်က ယခု ထိ စာသင် ခဲ့ရသော ဗြိတိသျှ ဘိလပ်ပြန် ခေတ် ပညာတတ် များ အများ အပြား ရှိကြောင်း စာဖတ်သူ တို့ သတိရမည် ထင်ပါသည်။ ဤ ဝတ္ထု သည် ခေတ်ပညာတတ် ပညာရှင် ဖြစ်လျှက် ကိုယ်ပိုင် လုပ်ငန်း ကို မလုပ်ရပါလား ဟူ၍ အားမရ၍ အသားပေး ရေးသော ဝတ္ထု ဖြစ်ပေသည်။ ပညာတတ် မှန် လျှင် ဘာသာ တစ်ခု ၌ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပါက ကျန် သော တစ်ခု မှာလည်း မတော် လျှင် တောင် ညံမည် မဟုတ်ပေ။ ထို့ကြောင့်မို့ ရှေ့နေ ဘာသာရပ်ကို သင်ခဲ့လျှင် လည်း မိသားစု ပိုင် ဖိနပ်လုပ်ငန်း တွင် လည်း ကြိုးစား လုပ်ပါက ဖြစ်မြောက်ပါမည် ဟု ညွန်းလိုက်သော စာကောင်းပေကောင်း ဖြစ်သည်။ ထို့ အပြင် လူ အများစု အထင် အမြင် မှားနေသော အမျိုးသမီး များအပေါ် ဖိ နှိမ် မူ များသည် တကယ် တော့ အဓိပ္ပါယ် ကောက်လွဲ ခြင်း သာ ဖြစ်ပါကြောင်း၊ သမီး မိန်းကလေး ဖြစ်သည်မို့ မိသားစုကို အနီးကပ် စောင့်ရှောက်နိုင်သော အခွင့် အရေး ရမည် မို့ အမျိုးသမီးများမှာလည်း စာတတ်ပေတတ် တည်ငြိမ်သူ များ ဖြစ်ရန် လိုကြောင်း ဖော်ပြသော စာပေ ဖြစ်သည်။ ထို ခေတ်က အိမ်ထောင် ပြုခြင်း ဆိုသည် မှာ မိမိ လူမျိုးကို စောင့် ရှောက် ကာကွယ်ရန် အနေနှင့် ကဏ္ဍ တစ်ခုအနေနဲ့ အရေးကြီး ကြောင်း အကျယ်တဝင့် ဖော်ပြထား၍ စွန့်စားမူ ရသ များပါဝင်သော စာပေကောင်းမို့ လေ့လာ ခံစားပါရန် ညွန်းလိုပါသည်။

ထက်မြက်တဲ့ ဓားသွား ပေါ်က ချိုမြမြ ပျားရည်စက်

References

ဧရာဝတီ. 2021. စာရေးဆရာ ညီပုလေးရဲ့ ဝတ္ထု အင်္ဂလိပ်လို ဖတ်နိုင်ပြီ. [online] Available at: <https://burma.irrawaddy.com/news/2017/10/10/144065.html&gt; [Accessed 2 July 2021].

MMThadin News. 2021. ဆရာဝန်များ၏ လေးစား အတုယူဖွယ် အသက်ရှင်နေဆဲ သူရဲကောင်းကြီး ဒေါက်တာ နာဂသိန်းလှိုင်. [online] Available at: <https://mmthadin.com/news/archivse/15005&gt; [Accessed 2 July 2021].

The Hidden Flower(လောင်းရိပ်ပန်း)

Author: Pearl S. Buck
Translator: အောင်ကျော်ကျော်
Publication
Fourth Edition: ၁၉၉၈ ခုနှစ် ဥက္ကလာစာပေ
Fifth Edition: အောက် တိုဘာ ၂၀၁၆ ခုနှစ် စိတ်ကူး ချိုချို
Price 3300 Kyats

New York Times–bestselling ဝတ္ထု အညွန်းကို မပြောခင် စာရေးသူ ရဲ့ လူပ်ရှားမူတွေကို အရင် ပြောပါရစေ။ ဒုတိယ စစ်ပွဲ မပြီးခင်ကတည်းက စစ်တပ်မိသားစု တစ်စု ရဲ့ သမီး တစ်ယောက် အနေနှင့် သူမ ဘဝရဲ့ ပထမ အရွယ် အချိန် တွေကို အရှေ့တိုင်း တရုတ်နိုင်ငံ မှာပဲ နေထိုင်း ရင်း ကုန်ဆုံး ခဲ့ပါတယ်။
အရှေ့တိုင်း ယဥ်ကျေးမူတွေကို အထိုက်အလျှောက် နားလည် နေပြီ ဖြစ်တဲ့ စာရေးသူ ဟာ လူမျိုး ကြီး ဝါဒ ရိုက်ခတ်မူ နှင့် ထို ခေတ်က သွေးနှော ကပြား တွေကို ထင်မြင်ကြတဲ့ အမြင်တွေကို အသားပေးရေးသားခဲ့ပါတယ်။
ဒုတိယ ကမ္ဘာ စစ် အတွင်း ဂျပန် အမေရိကန် နိုင်ငံ နှစ်နိုင်ငံ အားပြိုင်မူကြားမှာ တစ်ချို့ လူတွေဟာ မြေစာပင် ဖြစ်ခဲ့ရပါတယ်။
ထို ခံစားခဲ့ရတဲ့ လူတွေမှာ ဤဝတ္ထုမှ အဓိက ဇာတ်ကောင် ဂျပန်မလေး ဂျိုရှီ ကိုယ်တိုင် အပါအဝင်ပါပဲ။ ဂျပန် အမေရိကန် နိုင်ငံ တင်းမာမူ ကြားထဲ အယ်ရီဇိုနာ သုံ့ပန်းဌာန မှာ မွေးဖွား ကြီးပြင်း လာတဲ့ အမေရိကန် ပြည်ပေါက် ဂျိုရှီ ဟာ ဖခင် ဆန္ဒ နှင့် ဂျပန်ကို မိသားစုလိုက် ပြောင်း ရွှေ့ နေထိုင်ခဲ့ကြပါတယ်။
အရွယ်ကောင်း ရောက်နေပြီ ဖြစ်တဲ့ ဂျိုရှီအတွက် ဖခင် မစ္စတာ ဆာကီ အိမ်ထောင်ဖက် ရွေး ချယ်ပေးနေဆဲအချိန်ကာလကြားထဲ တွင် ဂျိုရှီဟာ အမေရိကန် စစ်သား တစ်ဦး ဖြစ်တဲ့ အယ်လင် ဆိုသူ နှင့် မေတ္တာ သက်ဝင်ခဲ့ပါတယ်။
လူမျိုးခြား နဲ့ လက်ထပ်ဖို့ ရည်မှန်း ထားတဲ့ ဂျိုရှီ အဖို့ နှစ်နိုင်ငံ ယဥ်ကျေးမူ ကွဲပြားခြင်း၊ စစ် ပွဲ ကာလ အတွင်း လူမျိုးကြီးဝါဒကို လက်ကိုင်စွဲထားတဲ့ အမေရိကန် တို့ ရဲ့ ချစ်သူ နှစ်ဦး အပေါ် ရိုက်ခတ်လာမူ နှင့် ဤ ခေတ် အခါက အရှေ့ တိုင်း အမျိုးသမီး တို့ရဲ့ လုံခြုံ ကင်းမဲ့ တဲ့ အခြေအနေ ကို ဂျိုရှီ မိန်းကလေး ဘယ်လို ရင်ဆိုင်ပါမလဲ။ ဒါကို စာဖတ်သူ တို့ အားပေး ခံစားစေချင်ပါတယ်။
ဒါ့ အပြင် မြန်မာ ဘာသာပြန် ဝတ္ထု ဟာ ၁၉၆၆ ခုနှစ် အမျိုးသား ဘာသာပြန်(ရသ) စာပေဆု ကို ဆွတ်ခူးခဲ့ပါတယ်။
စိတ်မကောင်း စရာ သတင်း မှာ ဤ ဘာသာပြန်သူ စာရေးဆရာ အောင်ကျော်ကျော် ( နာမည်ရင်း ဦးဌေးအောင်) က မကြာသေးခင် အချိန်ကာလ ၂၂ ဇွန် ၂၀၂၁ ခုနှစ်တွင် ဆုံးပါးသွားခဲ့ပါတယ်။

စျပန link

the subtle art of not giving a f**k(ဂရုမစိုက် ခြင်း အနုပညာ)

Original Author, Mark Manson’s Youtube Channel explaining his own book

https://feminisminindia.com/2018/04/13/the-subtle-art-of-not-giving-a-fuck-review/

https://www.mmtimes.com/news/book-review-subtle-art-not-giving-fck.html

https://readingraphics.com/book-summary-the-subtle-art-of-not-giving-a-fck/

To kill a Mockingbird (တောင်ပံမဲ့ သင်းကွဲ တေးဆို ငှက်)

Author : Harper Lee
Translator: တင်မောင်မြင့်

PublicationsFirst Edition: ၂၀၀၄ ခုနှစ် ရာပြည့် စာအုပ်တိုက်
Second Edition: အောက်တိုဘာ ၂၀၁၆ ခုနှစ် ကံကော် ဝတ်ရည် စာပေ

Price 5300 Kyats

To Kill a Mockingbird | Summary, Characters, Movie, & Facts | Britannica
To Kill A Mockingbird Book Cover

To Kill A Mockingbird | Full Movie | Movies Anywhere
To Kill A Mockingbird Movie
The Original Movie Superhero, Atticus Finch, Returns To Movie Theaters In 'To  Kill A Mockingbird'
1962’s To Kill A Mockingbird
Universal Pictures

Review: Harper Lee's 'Go Set a Watchman' Gives Atticus Finch a Dark Side -  The New York Times
Harper Lee
Amazon.com: Go Set a Watchman: A Novel (9780062409867): Lee, Harper: Books
To Kill A Mockingbird၏ အဆက္

Quotes

သဘာဝထက် လွန်ကဲ နေသလား ထင်ရအောင် သဘာဝ ကျတယ်။ ပြီးတော့ ဟာသ မြောက်တယ်။

The New Yorker

အရေးအသား ကောင်းလိုက်ပုံက မီးတောင်ကြီး ပေါက်ကွဲ ပြီး ခံစားမှု ရောင်စုံ ချော်ရည်တွေ ပျော်ကျ စီးဆင်းနေသလိုပဲ။

San Francisco Examiner

ရှားရှားပါးပါး ဝတ္ထု ကောင်း တစ်ပုဒ်ပါ။ မျက်မှောက် ခေတ်မှာ ပြင်းထန်တဲ့ ပေါက် ကွဲ သံလို ဟိန်း ထွက်လာတယ်။

Chicago Tribune

ဒီ စာအုပ်လေးကတော့ နိုင်ငံ ခြား စာပေတွေ မှာ လိုက်လံ ရှာဖွေရင်း အခု ထက်ထိ နာမည် ကြီးဆဲ စာအုပ်လေးပါ။နဂို မူရင်း စာအုပ်ကတော့ ၁၁ ဇူလိုင် ၁၉၆၀ မှာ စတင် ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။စတင် ထုတ်ဝေချိန်က စပြီး ၉၅ သီတင်း ပတ် အထိ အရောင်း ရဆုံး စာရင်း ထဲ ဝင်သည့် အပြင် ၁၉၈၂ ခုနှစ် အထိ အုပ်ရေ ၁၅ သန်းကို ရိုက်နှိပ်ပြီး ဘာသာ ပေါင်း များစွာနဲ့ ပြန်ဆို ပေးခဲ့ရတဲ့ စာအုပ်ပါ။

၁၉၆၁ ခုနှစ်မှာ ပူလစ်ဇာစာပေ ဆု ကို ရရှိတဲ့ ဂန္တဝင် ဝတ္တုလည်း ဖြစ်ပါတယ်။ နယူးယော့ခ် ပြည်သူ့ စာကြည့်တိုက်ကြီး ရဲ့ “ရာစု နှစ် စာအုပ် များ” နှင့် ၂၀ ရာစုရဲ့ ကမ္ဘာ့ အကောင်းဆုံး စာအုပ် ၁၀၀ ထဲလည်း ပါဝင် မှတ်တမ်း တင်ခဲ့ရတဲ့ ဝတ္ထု ကောင်းပါ။ မြန်မာ နိုင်ငံမှာလည်း ပထမဦးဆုံး အကြိမ် ပုံနှိပ်ကတည်းက ၂၀၀၄ခု နှစ် အမျိုးသား စာပေဆုရ ဘာသာ ပြန် (ရသ) ဆုရ ခဲ့ပါ သေးတယ်။

ရှေး ခေတ် မင်းသမီး ချော ဝင်းမင်းသန်း နှင့်အတူ မြန်မာ နိုင်ငံ အကြောင်းကို အခြေခံပြီး ရိုက်ကူး ခဲ့သည့် ခရမ်း ရောင် လွင် ပြင် (the purple plain) မှာ ပါဝင် သရုပ်ဆောင်ဖူး မင်းသားချော ဂရေဂရီ ပက် နှင့် ဇာတ်ညွန်း ဆရာတို့ အော်စကာ ဆု ရစေခဲ့တဲ့ ကမ္ဘာ ကျော် ရုပ်ရင် ရဲ့ မူရင်း ဝတ္ထု လည်း ဖြစ်ပါတယ်။

အဲ့ အချိန် အဲ့ ခေတ်အခါ အမေရိကန် မှာ ယခု ချိန် ထိ တိုင် မပြီး မြောက်သေးသည့် အဖြူ အမည်း ခွဲခြား ဆက်ဆံ ခံရတဲ့ အဖြစ်အပျက်၊ အမေရိကန် မှာ ရှိ သည့် ထို ခေတ်အခါက ကလေး တွေ ရဲ့ အတွေး အခေါ် တွေ၊ မိဘ မျိုး ရိုး အလိုက် မျိုးရိုးပိုင် ဓလေ့ သတ်မှတ် ကြတာတွေ ကို အမေရိပန် တောင်ပိုင်း မေကွမ်း မြို့ မှာ နေထိုင်သူ၊ ၈ နှစ် ကလေး အရွယ် သမီး လေး ဂျင်း လောင်း ဝစ်ဖင့်ချ် ကလေးရဲ့ အမြင် ကနေ စာ ဖတ်သူ ကို ဆွဲ ခေါ်သွားတာပါ။ စာရေးသူကလည်း သူမ ရဲ့ ငယ်ဘဝ အခြေ ခံပြီး ရေးသားခဲ့တဲ့ ဝတ္ထု လို့ ပြောဖူးပါတယ်။

ကလေး အရွယ် ပီပီ ကလေးတွေ ရဲ့ စူးစမ်းချင်စိတ်နဲ့ လောကကြီးမှာ ဖြစ်ပေါ်လာတဲ့ တရား မ မျှ တမူ ကို ဖခင် ဖြစ်သူ ရှေ့ နေက သင်ကြား ပေးသော သင်ခန်းစာတွေ နဲ့ အတူ စာဖတ်သူ ကို ဆွဲ ခေါ် သွားတာမို့ ဘယ်လို ဖြစ်မလဲ ဆိုတာ စာဖတ်သူတို့ ကိုယ်တိုင် အားပေး ခံစား လိုက်ပါ။

မင်းသား ချော ဂရေဂရီပက် ပါဝင် သရုပ်ဆောင်သည့် ဇာတ်ကားကို တော့ ၁၉၆၂ မှာ စတင် ပြသခဲ့ပြီး လက်ရှိ အချိန် ထိ rating ကောင်း review ကောင်းများ စွာနှင့် ဆုပေါင်း များစွာ ကို လက် ဝယ်ပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်းလေးမို့ ကြည့်ရူ ခံစားနိုင်လိုက်ဖို့ ညွန်း​ပေးလိုက်ပါတယ်။

သတင်း ကောင်း တစ်ခု ကိုတော့ စာဖတ် သူ တို့ကို ဆက်လက် ပြောလိုပါတယ်။ စာရေးသူ Harper lee မှ နှစ် ပေါင်း ငါးဆယ် ကြာမှ ဒီ စာအုပ် ရဲ့ အဆက်ကို Go Set A Watchman ဆို ပြီး 2015 မှာ ထွက် ရှိခဲ့ပါတယ်။ စာဖတ်သူတို့ ရှာဖွေ ခံစားနိုင်မယ့် သတင်းကောင်း တစ်ပုဒ်ပါ။

ထိုစာအုပ်ကို ကံကော် ဝတ်ရည် မှာ online ကနေ မှာ ယူ အားပေးနိုင်ပါတယ်။

References

Fine, Laura and Foca, Anna. “To Kill a Mockingbird”. Encyclopedia Britannica, Invalid Date, https://www.britannica.com/topic/To-Kill-a-Mockingbird. Accessed 2 July 2021.

Time. 2021. Read TIME’s Review of the 1963 ‘To Kill a Mockingbird’ Movie. [online] Available at: <https://time.com/3948808/review-to-kill-a-mockingbird-movie/&gt; [Accessed 2 July 2021].